ပန်နန်းဒင်မြို့အ၀င် လူကူးကြိုးတံတားတစ်စင်း ရေမျောပါပျက်စီး

ပန်နန်းဒင် စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အ၀င်ရှိ နမ့်တမိုင် ချောင်းကူးကြိုးတံတားမှာ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွားသွန်းခဲ့မှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ မျောပါပျက်စီးသွားကြောင်း သိရသည်။

ယင်းနမ့်တမိုင် လူကူးကြိုးတံတားမှာ အလျား (၃၇၅) ပေ၊ အနံ (၆) ပေခန့်ရှိ ပျဉ်ခင်းလူကူး ကြိုးတံတား ဖြစ်သည်။ ကြိုးတံတား မျောပါပျက်စီးမှုကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်​ရေးအခက်အခဲ ဖြစ်နေပါသဖြင့် အမြန်ဆုံး တံတားသစ်ပြန်လည် ပြုလုပ်ပေးနိုင်ပါရန် မျှော်လင့်ပါကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်​ကြောင့် နမ့်တမိုင်ချောင်းကမ်းပါးပေါ်ရှိ ဈေးဆိုင်ခန်း (၃) ခန်းမှာ ရေမျောပါ ပျက်စီးသွားကြောင်း၊ ယင်းနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုများ မရှိကြောင်း သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)