တီးတိန် စက်တင်ဘာ ၂၈
ချင်းပြည်နယ်၊ တီးတိန်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများ ကျန်းမာရေး စစ်ဆေးခြင်းကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ခရီးသွားရာဇဝင် မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ပြီး ခရီးသွားပြည်သူများအား ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းရယူခြင်များကို သြဂုတ်လ ၂၆ ရက်က စတင်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ ယခု လတ်တလော အခြေအနေအရ အပြင်ထွက်၍ ဖြစ်စေ၊ မြို့တွင်းဝင်ရောက်၍ ဖြစ်စေ နှာခေါင်းစည်း တပ်ဆင်ရန်နှင့် ခရီးသွားထောက်ခံစာ မပါကမြို့တွင်းသို့ဝင်ခွင့်ပြုမည် မဟုတ်ကြောင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)