ဒေါ့ဖုန်းယန်မြို့ ဈေးနှင့်လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ

ဒေါ့ဖုန်းယန်      စက်တင်ဘာ    ၂၈

ကချင်ပြည်နယ်  ဗန်းမော်ခရိုင်  ဒေါ့ဖုန်းယန်မြို့ဈေးနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း  Mask  အခမဲ့ဖြန့်ဝေခြင်း နှင့်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီက ဒေါ့ဖုန်းယန်မြို့ ဈေးအဝင်ပေါက်နှင့် ဈေးအရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေခြင်းနှင့်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူဆောင် ရွက်ခြင်းကို မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးဘိုဘိုလှိုင်တို့ ဦးဆောင်၍ နယ်မြေခံစခန်းမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်းကာ  ကိုဗစ်-၁၉   ရောဂါသည် မျိုးရိုးဗီဇပြောင်းလဲလာပြီး ကမ္ဘာ့အနှံ့အပြား၌ သာမက မြန်မာနိုင်ငံတွင်လည်း ကူးစက်နှုန်းမြင့်မားနေပြီဖြစ်၍ ပြည်သူများ အနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက်ကြိုတင်ကာကွယ်နိုင်ခြင်းက ပိုမိုထိရောက်မှုရှိသဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း  Mask  တပ်ဆင်ပြီးမှ အပြင်ထွက်ဈေးရောင်း ဈေးဝယ် ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့်  နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask အခမဲ့တပ်ဆင်ပေးပြီး   Mask အခုရေ (၁၀၀၀)  ကို အခမဲ့ဖြန့်ဝေကြသည်။

ဆက်လက်၍ ဈေးအဝင်ပေါက်နှင့် စားသောက်ဆိုင်များ ရှေ့တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး  ဆိုင်းဘုတ်များကို စိုက်ထူကြကြောင်း သိရသည်။

မြသက်   (ပြန်/ဆက်)