မိုင်းယန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင်မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် ဝမ်တောင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက် လုပ်နေမှု အား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းကကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်နေမှုအား သတ်မှတ်စံချိန်၊ စံညွှန်းအတိုင်းအတာနှင့်အညီဆောက်လုပ်နေမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုကာ လိုအပ်သည့်နည်းပညာအခက်အခဲများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ဝမ်တောင်းကျေးရွာ၌ အိမ်ခြေ (၆၄)အိမ်၊လူဦးရေ ၄၀၄ ဦးခန့် ရှိပြီး ဘက်စုံသုံးခန်းမဆောင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြစိမ်းရောင်အတိုးရငွေ ကျပ်သိန်း(၅၀) နှင့် ပြည်သူ့ထည့်ငွေ ကျပ်သိန်း(၅၀) စုစုပေါင်း ကျပ်သိန်း(၁၀၀)ဖြင့် အလျား ( ၄၀ )ပေ၊ အနံ (၂၀) ပေ နှင့် အမြင့် (၁၂) ပေရှိ( RC )တစ်ထပ်ဆောင် တည်ဆောက်ခဲ့ရာ ယခုအ ခါတွင် (၁၀၀)ရာခိုင်နှုန်း ပြီးစီးမှုရှိပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)