တွန်းဇံ စက်တင်ဘာ ၂၈
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း သဘာဝ ဘေးအန္တရယ်ကြောင့် ထိခိုက်သောအထိမ်ထောင်စုများကို ပြည်နယ်လူမှုရေးဝန်ကြီးက ယနေ့နံနက် (၉)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေကြီးအက်ကွဲပြီး နေအိမ်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရယ်ကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများကို ချင်းပြည်နယ် အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် ထောက်ပေးလျက်ရှိသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် တွန်းဇံမြို့ မြေကြီးအက်ကွဲမှုကြောင့် ထိခိုက်သွားသော နေရာများအား ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့သည့် အိမ်ထောင်စု(၂)စုအား ချင်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများကို ပြည်နယ် လူမှုရေးဝန်ကြီးက အိမ်ထောင်စု(၁)စုလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် အိမ်ထောင်ဦးစီးများ လက်ဝယ်အရောက် သွားရောက်ပေးအပ် ထောက်ပံ့ပေးခဲ့ကြောင်းနှင့် သဘာဝ ဘေးအန္တရယ်ကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)