ကျိူင်းတုံ၌ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ  ဖေဖော်ဝါရီ ၂၉

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် (Women Club))၏ အမျိုးသမီးများအတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျိုင်းတုံမြို့၊ မေတ္တာသခင် အထွေထွေရောဂါနှင့် သားဖွားမီးယပ် အထူးကုဆေးခန်းမှ ဒေါက်တာမမဇော် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)က အမျိုးသမီးများတွင် အဖြစ်များတတ်သော ရောဂါလက္ခဏာများနှင့် ကျန်းမာရေး အသိပညာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောကလာကြသည့် အမျိုးသမီးများက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ဒေါက်တာမမဇော်မှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)