မတူပီ စက်တင်ဘာလ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတူပီခရိုင်၊ မတူပီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ် - ၁၉ ကာလ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) ဖြင့် ကျေးရွာ (၁၀) ရွာတွင် စီမံကိန်း လုပ်ငန်းများကိုလည်းကောင်း၊ ကိုဗစ် - ၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားသည့် အစီအစဉ် ကျေးရွာမတည် ရန်ပုံငွေ (Village Revolving Fund Project) (VRFP) စီမံကိန်းဖြင့် ကျေးရွာ (၇) ရွာတွင် ချေးငွေထုတ်ပေးမှု စီမံကိန်းကိုလည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီး ဖြစ်ပါသည်။
အဆိုပါ ကိုဗစ် - ၁၉ ကုစားရေးအစီအစဉ်(CFW) စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာတွင်းလမ်းပြုပြင်ခြင်း လုပ်ငန်း (၃) ခု၊ ကုန်ထုတ်လမ်း ပြုပြင်ခြင်းလုပ်ငန်း (၃)ခု၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း (၁) ခု ၊ ကျောင်းသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း (၁)ခု၊ ကားလမ်း မြေပြုဖယ်ရှားခြင်းလုပ်ငန်း (၁)ခု၊ ရေအားလျှပ်စစ်မီး သွားသည့် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ စုစုပေါင်းလုပ်ငန်းခွဲ (၁၀) ခုကိုရာနှုန်း ပြည့်ဆောင်ရွက် ပြီးစီးပြီး ဖြစ်သဖြင့် အိမ်ထောင်စု (၄၄၇) စု၊ လူဦးရေ (၉၅၀) ဦး ကို ဝင်ငွေရရှိစေပြီး၊ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) Type-1 ကျပ်သိန်း (၉၀၀)ဖြင့် ကျေးရွာ (၃) ရွာ၊ Type-2 ကျပ်သိန်း (၂၀၀) ဖြင့် ကျေးရွာ (၁) ရွာ၊ Type-3 ကျပ်သိန်း (၃၀၀) ဖြင့် ကျေးရွာ(၃)ရွာကို အသီးသီးချေးငွေများ ထုတ်ချေးပေးမှု ဆောင်ရွက်ပြီး ယခုအခါ ကျေးရွာနေ ပြည်သူများမှ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၈၄) အိမ်ထောင်စု၊ မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူ (၁၈) အိမ်ထောင်စု၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၁၆) အိမ်ထောင်စုကို လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ကျေးလက်နေ ပြည်သူများ၏ စားဝတ်နေရေးများ များစွာအထောက် အကူပြုကြောင်း မတူပီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်ထံမှ သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)