ဖရူဆို စက်တင်ဘာ ၂၈
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင် အသုံးပြုခြင်းရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအပြင် ကမ္ဘာတစ်ဝန်း ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်း များ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် -၁၉ လမ်းညွှန်ချက်များ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဈေးကော်မတီ ဝင်များ ပူးပေါင်းအဖွဲ့သည် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်း ဝယ်ယူ တပ်ဆင်စေခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)