ကယားပြည်နယ်

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝ များကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်ပြီးစီးမှုနှင့် စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး ရပ်ကွက်များ၊ အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဝယ်ယူထားရှိသည့် အမှိုက်ပုံးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်သိမ်းစနစ်များ ကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်လင်လေးမြို့၊ တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအစည်းအဝေးခန်းမ၌ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

လွိုင်ကော်မြို့တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းကလွိုင်ကော်မြို့ ဗဟိုဈေး၊ သီရိမင်္ဂလာဈေး၊ နောင်ယားကန်သာ၊ ထေးငှားလျားကန်နှင့်လွိုင်ကော် တက္ကသိုလ်တို့တွင်  မိဘပြည်သူများ၊ ဈေးရောင်းဈေး၀ယ်များ၊ ကာယဉာဏအလုပ်သမားများနှင့် ၀န်ထမ်းများအား ဖြန့်ဝေခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်ရှည်သီးနှံနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ နှစ်ရှည် သီးနှံများနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှု လိုက်လံကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to ကယားပြည်နယ်