တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေး

တွန်းဇံ  စက်တင်ဘာ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခြင်းကို မန်နေ့ မွန်းလွဲ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  တွန်းဇံမြို့ရှိ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုကော်မတီ၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်ရန် ထုန်ပြန်ချက်များနှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ပညာပေး တေးသီချင်းများအား မြို့ပေါ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)