ဒီးမော့ဆို စက်တင်ဘာ ၂၉
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ လွိုင်နန်းဖ၊ ဆီးမီဆိုလား၊ ဆီးမီဆိုဒါး၊ ဆီးပူကုန်းနှင့် ဒိုင်းလင်းအေးသာကျေးရွာတို့တွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန် နှင့် ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)