ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်း

 

လောက်ကိုင်     စက်တင်ဘာ    ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကုသကာကွယ်ထိန်းချုပ်ရေးဌာနများ၊ ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် န်ပုံငွေများ  ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် အမှတ် (၁၀၀၆) နယ်မြေခံ နယ်ခြားစောင့်တပ်  ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်သော ဦးအောင်ဝင်း၊ ဦးဝေမောင်မောင်၊ ဦးချိန်တားဝေနှင့် ဦးလောက်ဖူ တို့က နိုင်ငံတော်နှင့်တပ်မတော်ရှိ ကိုဗစ်-၁၉  ရောဂါ ကုသကာကွယ် ထိန်းချုပ်ရေးဌာနများနှင့် ဆေးရုံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍  န်ပုံငွေကျပ်  ၁၉၅၀  သိန်းအား ပေးအပ်လှူဒါန်းရာ COVID-19  ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းနှင့် အဖွဲ့ဝင်များက လက်ခံရယူကာ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ က ကျေးဇူတင် ဝမ်းမြောက်ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)