ချီဖွေ စက်တင်ဘာလ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံး (၃၆၄)ပုံး ရောက်ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီပေါင်း(၇)ခု၊ မဲဆန္ဒရှင် (၁၁၇၁၇) ဦးရှိပြီး မဲရုံပေါင်း(၄၇)ရုံ လျာထားဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ မဲရုံမှူးနှင့် အဖွဲ့ဝင်ပေါင်း (၅၇၁)ဦးကိုလည်း ဖွဲ့စည်းတာဝန်ချ ထားပြီးဖြစ် ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)