မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၉
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျှက်ရှိသော ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိ၊ မရှိ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ နေ့စဉ် နံ နက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဖွင့် လှစ်ရောင်းချခွင့်ပြုပြီး ပြည်သူများကျန်းမာရေးအတွက် ပုဂ္ဂလိက ဆေးဝါးရောင်းချသည့်ဆိုင်များကိုမူ နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ် ထားရှိရာမြို့နယ်အတွင်းရှိ မြို့မဈေးကြီး၊အောင်သာယာ ဈေး၊ ဆိပ်ကမ်းသာဈေး၊ ဗိုလ်ချုပ်ဈေး၊ ချမ်းမြေ့သာယာ ဈေးတို့တွင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးဖွဲ့မှ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)