ရှင်ဗွေယန် စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀၄)စု တို့အတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေ(ကျပ်နှစ်သောင်း)တိတိ ထောက်ပံ့ခြင်းအစီအစဥ်ကို စက်တင်ဘာလ(၂၇)ရက်၊ နံနက်(၁၀)နာရီမှ စတင်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကာလ အတွင်း ပြည်သူများလက်ဝယ်သို့ အချိန်မီရောက်ရှိနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၁၊၂၊၃၊၄)ရပ်ကွက်များနှင့် ကျေးရွာ(၆)ရွာရှိ အိမ်ထောင်စုပေါင်း (၂၀၀၄)စုအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင်ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၄၀,၀၈၀,၀၀ဝိ/-)အား ရပ်ကွက်/ ကျေးရွာအလိုက် ဘုရားကျောင်းများ၊ စာသင်ကျောင်းများတွင် ပြည်သူများ လက်ဝယ် သို့ အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)