တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးစိုက်ကွင်းပေါင်း(၂၃)ကွင်း ရေကြီးနစ်မြုပ်

တနိုင်း  စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်တွင် မိုးများအဆက်မပြတ်ရွာသွန်းရာ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းမှစ၍ လီဒိုလမ်းမ‌ကြီးပေါ်  အချို့နေရာများ လမ်းရေကျော်မှုများ၊ လမ်းမြေသား ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တနိုင်းချောင်း၊ နန်ဗျူချောင်း၊ မဂွေတောင်ချောင်း၊ နန့်ခမ်းယန်ချောင်း၊ တိန်‌ကောက်ချောင်း၊ ကိုင်ထောင်ချောင်းနှင့် အီးတီချောင်းများမှ ရေလျှံတက်မှုကြောင့် တနိုင်းမြို့နယ်၌ စပါးစိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ် နေရာများဖြစ်သည့် ဒူးကောင်းရပ်ကွက်တွင် စပါးစိုက်ကွက် ကွင်း‌ပေါင်း(၅)ကွင်း၊ တောင်သူပေါင်း (၁၀၂)ဦး၊ (၈၈၇)ဧက၊ ကင်ဆားရာရပ်ကွက်တွင် (၃)ကွင်း၊ တောင်သူပေါင်း(၂၅)ဦး၊ (၁၂၂)ဧက၊ ဆင်မ်ဆာ့ ရပ်ကွက်တွင်(၁)ကွင်း၊ တောင်သူပေါင်း(၃)ဦး၊ ဧက(၁၁)ဧက၊ ဆွတ်ငိုင်ရပ်ကွက်တွင်(၁)ကွင်း၊ တောင်သူပေါင်း (၂၆)ဦး၊ (၄၉)ဧက၊ ကောင်ရာကျေးရွာအုပ်စုတွင်(၄)ကွင်း၊ တောင်သူပေါင်း(၉၅)ဦး၊ (၆၂၅)ဧက၊ မ‌ကောကျေးရွာ အုပ်စု(၂)ကွင်း၊ တောင်သူပေါင်း(၄၃)ဦး၊ (၉၄)ဧက၊ ရှင်လုံဂါးကျေးရွာ အုပ်စုတွင်(၁)ကွင်း၊ တောင်သူပေါင်း(၇)၊ (၁၃)ဧက၊ တိန်ကောက်ကျေးရွာအုပ်စု(၃)ကွင်း၊ တောင်သူပေါင်း(၃)ဦး၊ (၁၉)ဧက၊ မိုင်းခွန် ကျေးရွာအုပ်စုတွင်(၃)ကွင်း၊ တောင်သူပေါင်း(၁၀၈)ဦး၊ (၄၈၇)ဧက စုစုပေါင်းကွင်း(၂၃)ကွင်း၊ တောင်သူ(၄၁၂)ဦး၊ ဧက(၂၃၀၇)ဧက ရေကြီးနစ်မြုပ်သွားကြောင်း တနိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)