မံစီ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများက မံစီမြို့နယ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ(Quarantine Center)များ ပြင်ဆင် ဆောင်ရွက်ထားသည့် အခြေအနေများကို လည်းကောင်း၊ မြို့အဝင်အထွက်ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ မြို့အဝင်အထွက် ကျန်းမာရေး စစ်ဆေးဆောင်ရွက်သည့်နေရာအတွင်း တာဝန်ထမ်းဆောင် သူများအသုံးပြုရန်အတွက် နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည် စသည့် အသုံးအဆောင်ပစ္စည်းများနှင့် အချိုရည်၊ ကော်ဖီထုပ်၊ မုန့်ထုပ် စသည့် အစားအသောက်များကို လည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရိန်(ပြန်/ဆက်)