ဟားခါးမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ (၁၀၀)ဦးအထိ ရှိ

ဟားခါး         စက်တင်ဘာ            ၂၉

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းချင်းပြည်နယ် Coronavirus Disease 2019           (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ တင်းကြပ်စွာဆောင်ရွက် လာခြင်းကြောင့် ဟားခါးမြို့နယ် အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၀၀)ဦးအထိရှိလာကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာပြီး ဟားခါးတက္ကသိုလ် Facility Quarantine တွင်  ကျား(၂၄)ဦး၊မ(၅)ဦး၊ G.T.I Facility Quarantineတွင်  ကျား(၂၄)ဦး၊မ(၄)ဦး၊ ဟားခါးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း Facility Quarantine တွင်  ကျား(၃၃)ဦး၊ ဟားခါးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း Facility Quarantine တွင်  မ(၁၀)ဦး၊ စုစုပေါင်း Facility Quarantine ဝင်သူ (၁၀၀)ဦးရှိကြောင်း   ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း  Facility Quarantine ဝင်ရောက်ကျန်ရှိနေသူ ၁၀၀ ဦးရှိပြီး  ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၅)ဦးနှင့် ပြည်တွင်း တိုင်းခြား၊ပြည်နယ်ခြားမှ ပြန်လည်ဝင်ရောက်လာသူ (၉၅)ဦးဖြစ်ကြောင်း၊ အဆိုပါ ၁၀၀ဦးအား Facility Quarantine (၄)ခုတွင် ထားရှိလျက်ရှိပြီး ထပ်မံလူဦးရေတိုးလာပါ Facility Quarantine ထားရှိနိုင်ရန် နေရာများကို လျာထားလျက်ရှိကြောင်း ၊ Facility Quarantine များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များ ပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှု ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက်အတွက် ငွေကျပ် ၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)