မတူပီ စက်တင်ဘာ ၂၉
ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့သည့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့ ရပ်ကွက် /ကျေးရွာများ၏ အဝင်အထွက် ဂိတ်များတွင် ပြည်သူများနှင့် ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွား စာရေးတစ်ဦးလျှင် Mask (၁)ထုပ်၊သာမိုမီတာ (၁)ခု စီဖြင့် စုစုပေါင်း ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း(၁၃၃)ဦးကို ပေးအပ်ထောက်ပံ့ ပေးအပ်ခဲ့ပြီး လိုအပ်မည့် ရပ်ကွက်နေရာများအတွက် PPE ဝတ်စုံ ၂၅ စုံကိုလည်း ပေးအပ် ထောက်ပံ့ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)