လိုင်လင်းပီ စက်တင်ဘာ ၂၉
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေ ကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြားရှိ တင်ဒါလုပ်ငန်းများအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိသည်။
လိုင်လင်းပီမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ပုံငွေ ကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြားရှိ လုပ်ငန်းအမည် (၉) မျိုး ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတင်ဒါခေါ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ လျှောက်လွှာများကို မြို့စည်ပင်သာယာရေး ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင် ဘာလ (၂၉) ရက်နေ့မှ စတင်ရောင်းချပေးလျက်ရှိပြီး ယင်းလျှောက်လွှာ များကို ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဟားခါးမြို့တွင် တင်သွင်းရမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာလ (၁၆) ရက်နေ့တွင် တင်ဒါလျှောက်လွှာ ပိတ်မည်ဖြစ်ကြောင်း လိုင်လင်းပီမြို့ စည်ပင်သာယာရေးရုံးမှ သိရသည်။
ယင်းတင်ဒါ လုပ်ငန်းများနှင့်ပက်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ကြော်ငြာသင်ပုန်း၊ မြို့တွင်းလမ်းဆုံနေရာနှင့် လူအများ မြင်တွေ့နိုင်မည့် ထင်သာမြင်သာသည့် နေရာများ၌ လုပ်ငန်းတင်ဒါ ကြော်ငြာစာများကို ကပ်ထားလျက်ရှိကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)