လွိုင်ကော်မြို့၌ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ 

လွိုင်ကော် မတ် ၃

ကယားပြည်နယ်တရားလွှတ်တော်ရုံး၊ ရွှေကိန္နရီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့်တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်သန်းသန်းအေးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်စဝ်ဉမ္မာကြည်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးထွန်းထွန်းဦးတို့က လိုအပ်ချက်များအား မှာကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ချယ်ရီခင်က (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပြီး ကယားပြည်နယ်အတွင်းရှိ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးတို့က လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များနှင့်ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)