သီပေါမြို့နယ်၊ ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲ ကျင်းပ

သီပေါ  ဖေဖော်ဝါရီ   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ  တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးတို့က အသီးသီးအမှာစကား ပြောကြားခဲ့ပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးသိန်းဇော်က လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ကုန်းဆာ၊ နမ့်မော်ဆွေ၊တုံစင့်၊ နားတောင်း၊ နမ့်လန်၊မိုးတေ၊ ဆောင်ကြဲ၊ မိုင်းခေး၊ ပန်မိတ်၊ ရွာသစ်၊ နားမခေါ်စသည့် ကျေးရွာအုပ်စု(၁၁)အုပ်စုမှ တောင်သူများအား လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များကို  တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)