ကျီခါး စက်တင်ဘာ ၃၀
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျီခါးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများ၌ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်းပြီး ကျီခါးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သော နာရီစင်လမ်းဆုံ၊ မိုးလုံလေလုံ အားကစားခန်းမရှေ့နှင့် ကျီခါးမြို့အထွက် မြန်မာ-အိန္ဒိယနယ်စပ် ကျီခါး-ခင်မန်းလမ်းပိုင်း နေရာများ၌ ဖြတ်သန်းသွားလာကြသော ခရီးသွား ပြည်သူများအား နှာခေါင်းစည်း (Msak)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား တိကျစွာလိုက်နာစေရေး အသိပညာပေးခြင်းနှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေရေးအတွက် mask(၃၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)