မတူပီ စက်တင်ဘာ ၃၀
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတူပီမြို့သို့ အဝင်/အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် အသုံးပြုခရီးသွားလာကြသည့် ရပ်နီးရပ်ဝေး၊ နယ်ပယ်ဒေသစုံမှ ခရီးသွားပြည်သူများ ကို ခရီးသွားရာဇဝင် အချက်အလက်များကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောခြင်း၊ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားသည့် ဒေသများမှ ရောက်ရှိလာသည့် ခရီးသွားပြည်သူများကို Facility Quarantine Centre ၌ Quarantine ဝင်ရောက်စေခြင်းစသည့် လုပ်ငန်းများကို နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် လူမှုကူညီရေး အသင်းအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက အလှည့်ကျတာဝန်ချထားမှုစနစ်ဖြင့် နေ့/ည မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)