ကျီခါး စက်တင်ဘာ ၃၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျီခါးမြို့ မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များမှ လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒေသအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အဆိုပါရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေးထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ကျီခါးမြို့ပေါ်ရပ်ကွက်(၂)ခုရှိ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကမ်းဆွင်းမုန်နှင့် တပ်ဖွဲ့၀င်များက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)