ရိခေါ်ဒါရ် စက်တင်ဘာ ၃၀
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်း ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ အလည်အပတ်ဖြင့် သွားရောက်ရာမှ နေရပ်ပြန်လာကြသူဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူအား ရိခေါ်ဒါရ်မြို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဂိတ်ရှိ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားနေဆဲဖြစ်သည့် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ကိုးဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်(ပြန်/ဆက်)