မိုင်းဆတ် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နေပြည်တော်မှ ပြန်လာသူ(၁)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ထားရှိကြောင်း သိရသည်။
မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့ဝင်၊ မြို့ထွက်ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ပြည်သူ(၃၀၆)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ စောင့်ကြည့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)