ကန်ပက်လက်မြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ(၂၅)လုံးတည်ဆောက် ပေးနိုင်ခဲ့

ကန်ပက်လက်  စက်တင်ဘာလ  ၃၀

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၅)ရွာတွင် ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ယာ (၂၅)လုံးအား တည်ဆောက်နိုင်ခဲ့ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါ ကျေးရွာဝန်ထမ်းအိမ်ယာများမှာ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ‌ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ကျေးရွာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ‌ပညာရေးဝန်ထမ်းများအတွက် ရည်ရွယ်တည်ဆောက်ရခြင်းဖြစ်ကြောင်းနှင့် ယင်းအိမ်ယာမှာ ပျဉ်ခင်း၊ သွပ်မိုး၊ သွပ်ကာ အမျိုးအစားဖြစ်ပြီး အလျား (၂၄)ပေနှင့် အနံ(၁၈)ပေရှိကြောင်းသိရသည်။

ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ယာ(၂၅)လုံးမှာ ယခုချိန် လုပ်ငန်းအားလုံး (၁၀၀)ရာခိုင်နုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခင်နှစ်တွင် ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ယာ (၅၄)လုံး တည်ဆောက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် (၂၅)လုံးတည်ဆောက်နိုင်ကြောင်းနှင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆက်လက်တည်ဆောက်သွားရန်ရှိကြောင်း နယ်စပ်ဒေသနှင့်  တိုင်းရင်သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မင်းတပ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကန်ပက်လက် မြို့နယ် တာဝန်ခံ ဦးစီးအရာရှိ ဦးထန်းကီးထံမှသိရသည်။

ကိုလိန်း(ပြန်/ဆက်)