ဟားခါး စက်တင်ဘာ ၃၀
ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြောင်းဖူးပင်များ ပျက်စီးမှု အခြေအနေများအားကို ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများပူးပေါင်း၍ ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ နှီရ်လှောန်းကျေးရွာရှိ အိမ်ထောင်စု(၁၁)စု၏ ပြောင်းဖူးစိုက်ခင်း (၁၆)ဧကတွင် ပျက်စီးသည့် ပြောင်းဖူးအရေအတွက်မှာ တစ်ဧကဝင်ဆံ့သည့်ပြောင်းဖူးအပင် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သဘာဝဘေးတွေကြောင့် တောင်သူတွေစိုက်ပျိုးတဲ့ ပျိုးပင်တွေ အပေါ်မှာ လူမှုစီးပွားထိခိုက်တဲ့အထိ ပျက်စီးဆုံးရှုံးမှုရှိမှသာ အစားထိုးအနေနဲ့ မျိုးစေ့တွေပြန်ပေးပါတယ် အခုကတော့ ပျက်စီးမှုက အနည်းငယ်သာဖြစ်ပါတယ်”ဟု ဟားခါးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။
အောင်ခွီရှိန်း( ပြန်/ဆက်)