မတူပီမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲစာရင်းကြေညာရာတွင် ပြည့်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး

မတူပီ        စက်တင်ဘာ        ၃၀

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက်  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည့်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင် စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အခါမှာ ပြည်စုံမှန်ကန်မှုရှိစေဖို့ ကျွန်တော်တို့ ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်းများ၊  အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍  အဖွဲ့အလိုက် ကွင်းဆင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေး ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေကို မွေးသက္ကရာဇ်၊  မှတ်ပုံတင်အမှတ်နဲ့ မိဘအမည်များ မှန်ကန်ခြင်းရှိ/မရှိနဲ့ သေဆုံးသူများ ပါဝင်ခြင်း ရှိ/မရှိထပ်မံစစ်ဆေးနေတာဖြစ်ပါတယ်” ဟုမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ် ကပြောသည်။

မတူပီမြို့နယ်အတွင်း ရပ်ကွက် (၁၀) ရပ်ကွက် နှင့် ကျေးရွာ အုပ်စု(၇၂)အုပ်စုရှိ မဲဆန္ဒရှင် စာရင်း များ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တွဲဖက်တာဝန်ထမ်းဆောင်သူတို့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)