ဆွမ်ပရာဘွမ်မြို့နယ်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဆွမ်ပရာဘွမ် စက်တင်ဘာ ၃၀ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီခန့်က ဆွမ်ပရာဘွမ်မြို့ ဆုတောင်းပြည့်စေတီရင်ပြင်တော်တွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦး ဦးဆောင်၍ ရဲအရာရှိ (၃) ဦးနှင့် အခြားအဆင့် (၁၅) ဦး စုစုပေါင်း (၁၈) ဦးဖြင့် ဆောင်ရွက်ခဲ့ရာ ဆုတောင်းပြည့်စေတီ ရင်ပြင်တော်မှ ရေညှိများရှင်းလင်းခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်လှဲခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)