ထန်တလန် စက်တင်ဘာ ၃၀
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေတစ်ရွာလျှင်ကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာ (၁၀) ရွာအား စီမံကိန်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာဘုတ်၊ ကြောင်ထီးယား၊ အင်မွှန်ပီး၊ ထိန်ဟွာလ်၊ လုံဒိန်းကျေးရွာများတွင် တောင်ယာသွားလမ်း ဖောက်လုပ်ခြင်း၊ မွှန်ဟာလ့်ကျေးရွာတွင် သောက်သုံးရေသွယ်ပိုက်လိုင်း တူးဖော်ခြင်း၊ သီဆင်(က) ကျေးရွာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးရုံသွားလမ်း ဖောက်လုပ်ခြင်း၊ ဇန်တလန်ကျေးရွာတွင် ကုန်ထုတ်လမ်း ရေမြောင်းတူးဖော်ခြင်း၊ ဖိုင်ခွာနှင့် ဆန်ပီကျုံးကျေးရွာများတွင် အားကစားဘောလုံးကွင်းပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ပြည်သူများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)