စဉ့်ကူးမြို့နယ်၌ နွေနှမ်းစံပြကွက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

စဉ့်ကူး  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ADSP စီမံကိန်းကူညီပံ့ပိုးမှုနှင့် နွေနှမ်းစံပြကွက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက လက်ပန်လှကျေးရွာအုပ်စု၊ တောင်သူ ဦးခင်မောင်အေး၏ ကွင်းအမှတ် ၃၁/ဃ၊ ဦးပိုင်အမှတ် ၃၈ ရှိ (၂)ဧက စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် ဝန်ထမ်းများ၊ မာလဲ၊ နတ်တောင်၊ လက်ပန်လှကျေးရွာအုပ်စုများမှ နွေနှမ်းစိုက်တောင်သူများ တက်ရောက်ကြသည်။

တောင်သူကွင်းသရုပ်ပြပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက အမှာစကားပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က နွေနှမ်းစိုက်ပျိုးရာတွင် နွေနှမ်းစိုက်ပျိုးနည်းစနစ်နှင့် ရေသွင်းရမည့်အချိန်များ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းစနစ်များ၊ မြေဩဇာအသုံးပြုနည်းစနစ်များနှင့် ရိတ်သိမ်းချိန်တွင် ထောင်နှမ်း ဆောင်ရွက်မှသာ ဈေးကွက်ခိုင်မာမှုရရှိမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်ဆွေးနွေးသည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် နွေနှမ်းစိုက်တောင်သူများက စိုက်စက်ဖြင့် နွေနှမ်းလက်တွေ့ စိုက်ပျိုးနေမှုအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)