မတူပီ စက်တင်ဘာ ၃၀
ချင်းပြည်နယ်၊မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၆၇)ဦးကို ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်စေနိုင်ရန် အထက (၁) မတူပီကျောင်းတွင် အောက်တိုဘာလ ၁ရက်နေ့ မှ ၂၈ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မတူပီမြို့နယ်အတွင်း ရပ်ကွက် (၁၀)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇၂)အုပ်စု တွင် မဲရုံ(၁၅၀)ရုံ အတွက် အထူးရဲ (၁၅၀) ဦးနှင့် ဆမီးမြို့ ၊ မဲရုံ အတွက် ဆမီးနှင့် ရှင်းလက်ဝ မှ အထူးရဲ (၁၇)ဦး စုစုပေါင်း(၁၆၇)ဦး တို့အား မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် အထက(၁)မတူပီ ကျောင်းဆောင်များအတွင်း စခန်းသွင်း၍ လေ့ကျင့် သင်ကြားသွားမည် ဖြစ်ကြောင်း မတူပီမြို့၊ မြို့မရဲစခန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)