ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်မျာနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

မန္တလေး၊ စက်တင်ဘာ ၃၀

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်ရှိ ထိန်ကုန်းဈေးတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။

ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိန်ကုန်းဈေးသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် သွားရောက်ကာ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကာ စနစ်တကျလက်သန့်ရှင်းရေးနှင့် Mask အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေတာ၊ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေတာတွေ အပတ်စဉ်ဆောင်ရွက်ပါတယ်၊ အသိပညာပေးလက်ကမ်းစာစောင်မှာတော့ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ/ စနစ် တကျ လက်ဆေးနည်း/သံသယလူနာရှိပါက ဆက်သွယ်ရမည့်အဖွဲ့အစည်းများ၊ ကျန်းမာရေးဌာနများ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ ပါဝင်ကြောင်း ၊ မန္တလေးခရိုင်အတွင်းရှိ ဈေးများ၊ ကျေးရွာများသို့ သွားရောက်ကာ အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)