ရိခေါ်ဒါရ် အောက်တိုဘာ ၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လေးမျိုးကို ချိတ်ပင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အဆိုပါ လုပ်ငန်းလိုင်စင် လေးမျိုးအနက် တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်ရာတွင် အများပြည်သူသိရှိလိုက်နာရာ သတ်မှတ်ချက် (၁၀)ချက် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အများပြည်သူ သိရှိလိုက်နာရမည့် သတ်မှတ်ချက်ကြော်ငြာစာများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကြော်ငြာစာကပ်ထားကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာသည် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ညွှန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်မှုမရှိမချင်း အကျိုးသက်ရောက်စေ မည်ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)