မိုးနဲ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်ကိုဗစ်-၁၉ ရေဂါကြိုတင် ကာကွယ်၊ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးလုပ်ငန်းများတွင် လိုအပ် သောနေရာများ ၌ အသုံးပြု နိုင်ရန်အတွက် အလှူငွေများလာရောက် လှူဒါန်း ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ ဆေးရုံတွင် မိုးနဲမြို့နယ်ပညာရေးဌာနမိသားစုအဖွဲ့က အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ယင်းသို့လှူဒါန်းရာတွင် မြို့နယ်ပညာရေးဌာနမိသားစု အဖွဲ့ကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ နှင့် အခြေခံပညာ ထက် ၊လယ်မူ ကျောင်အုပ်ကြီးများက ကိုဗစ်-၁၉ ရောဂါကုကာကွယ်ရေးလုပ်ငန်း များတွင် အသုံးပြု နိုင်ရန် အလှူငွေကျပ်သိန်း(၂၀) ကို ပေးအပ် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ဦးစိုးထွဋ် နှင့် မြို့နယ်ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မီဟန် တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းကြည်ကြည်မြင့်ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက်မိုးနဲမြို့မြဖူးဝေငွေစုငွေချေး သမဝါယမအသင်း ကိုယ်စား အလှူငွေ ကျပ်နှစ် သိန်း ကိုမြို့နယ် အုပ်ချုပ် ရေးမှူးထံသို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)