ခိုင်ကမ်း အောက်တိုဘာ ၁
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ လုပ်ငန်းများကို ခိုင်ကမ်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ ခိုင်ကမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ် (၁၀)သန်းမှ သန်း(၁၀၀)လုပ်ငန်း (၃) မျိုးကို လုပ်ငန်း တင်ဒါခေါ်ယူ လျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းတင်ဒါခေါ်ယူခြင်းအတွက် တင်ဒါလျှောက်လွှာများကို ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး (သို့မဟုတ်) ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ၁၂-၁၀-၂၀၂၀ ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်ထိ လျှောက်လွှာများ ဝယ်ယူနိုင်ကြောင်းနှင့်တင်ဒါလုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကြော်ငြာသင်ပုန်း စည်ပင်သာယာရေးအဖွဲ့ရုံး၏ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြော်ငြာ ထားရှိကြောင်းသိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)