မံစီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာ

မံစီ  အောက်တိုဘာ   ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို  ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့က စတင်၍ ထုတ်ပြန်ကြေညာခဲ့သည်။  

မဲစာရင်းများကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာသွားမည်ဖြစ်ပြီး မဲစာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားခြင်း၊ မဲစာရင်းအတွင်း မပါဝင်သင့်သူများ  ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်ရန်လာရောက်လျှောက်ခြင်းတို့ကို ကြေညာသည့် ရက်များတွင် လာရောက်ရှောက်ထား ဆောင်ရွက် နိုင်ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းရှိတွင် မဲရုံ(၃၉)ရုံ ထားရှိသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံ မဲဆန္ဒရှင် ဦးရေ (၄၀၇၉၆)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  သိရသည်။

ရိန် (ပြန်/ဆက်)