ထန်တလန် အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်) မှ ယာဉ်ထိန်းရဲအုပ်(တာဝန်ခံ) စိုးဝင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)(၆၅၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာ စျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် ထန်တလန်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင် တို့ပူးပေါင်း၍ လမ်းသွားလာပြည်သူများ၊ စျေးရောင်းသူများနှင့် ဈေးဝယ်သူများ၊ အထူးရဲ (၁၀၅)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်း၊ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာကြရန် နှာခေါင်းစည်းတစ်ခုကို အကြိမ်ကြိမ် အသုံးမပြုမိစေရေးအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်သူများ မလိုအပ်ပဲ အိမ်အပြင် မထွက်ကြရန် လိုက်လံနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)