အင်္ဂပူ အောက်တိုဘာ ၁
အင်္ဂပူမြို့၊မြို့တော်ခန်းမ၌ အထူးရဲ (Special Police)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ နံနက် ၈ နာရီက ပြုလုပ်ရာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်စိုးဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားမျာတက် ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းမှ သင်တန်းအဖွင့်မိန့်ခွန်းပြောကြားသည်။
အလားတူမဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမတွင်လည်း အထူးရဲသင်တန်းများဖွင့်လှစ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အထူးရဲသင်တန်းကို (အောက်တို ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်)နေ့အထိ ဖွင့်လှစ် မည်ဖြစ်ပြီးသင်တန်းအားနယ် မြေစခန်းအလိုက်ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသားစုစုပေါင်း၁၆၉ဦးတက် ရောက်မည် ဖြစ်ကြောင်း၊ အင်္ဂပူမြို့နယ်တွင် ၂၀ ၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး အပြည့်အဝ ပေးနိုင်ရန်ရည်ရွယ်ပြီး အထူးရဲများခန့်အပ် ပေးခြင်းဖြစ်ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင်အထူးရဲ ၁၆၉ ဦးအား ခန့်အပ်ထားရှိကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)