ကန်ပက်လက်၌ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြား တင်ဒါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံသို့ လျှောက်ထားနိုင်

ကန်ပက်လက်         အောက်တိုဘာ        ၁

ကန်ပက်လက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း(၁၀၀) ကြား တင်ဒါလုပ်ငန်းများကို ၁၆-၁၀-၂၀၂၀ ရက်နေ့၊ ညနေ (၁၆:၃၀) နာရီနောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြား တင်ဒါလုပ်ငန်းများအနက် ကန်ပက်လက်မြို့ နယ်တွင် လုပ်ငန်း(၂၃)ခုရှိပြီး ကျင်ဒွေးမြို့တွင် လုပ်ငန်း(၄)ခု ရှိကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့် နေ့ရက်၊ အချိန်နှင့်နေရာအား သီးခြားထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ကန်ပက်လက်မြိုနယ် စည်ပင်သာယာရေး အဖွဲ့ရုံးသို့ဆက်သွယ် မေးမြန်းနိုင်သည့်အပြင် ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံး၏ Website www.csmd.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)