ဆွမ်ပရာဘွမ် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် Hand Speaker ၊ Thermometer ၊ Mask များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြား ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ကျေးရွာအုပ်စု (၉)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၂၆)စုအား တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀) ဖြင့် စုစုပေါင်းကျပ် (၂,၅၂၀,၀၀၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ် ရပ်ကွက် (၃) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၉) အိမ်ထောင်စုအား တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀)ဖြင့် စုစုပေါင်းကျပ် (၇၈၀,၀၀၀) အား စက်တင်ဘာလ ၂၈ ရက်နေ့၌ အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇာနည်တိုးက ပြောကြားခဲ့သည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် Hand Speaker (၁၂) ခု၊ Thermometer (၁၂) ခု အား ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုအား မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပြီး Mask (၁၂) ဘူးကို မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်ချုပ်၊ ကုသရေး ကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
ကုဋေ (ဆွမ်ပရာဘွမ်)