အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ရေဇွာမြို့ ဌာနဆိုင်ရာအားလုံး စုပေါင်းပြီး အသက်(၈၀)နှင့်အထက်ဘိုးဘွား(၄၆)ဦးအား ကန်တော့

ရေဇွာ အောက်တိုဘာ ၁

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ရေဇွာမြို့ ဌာနဆိုင်ရာများ စုပေါင်းပြီး အသက်(၈၀)နှင့်အထက် ဘိုးဘွား(၄၆)ဦးအားအိမ်တိုင်ရာရောက် ကန်တော့ ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကန်တော့ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာများအားလုံး စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြရာ အလှူတော်ငွေကျပ် (၉၀၀,၀၀၀)သိန်းကျော် ရရှိသဖြင့် အသက်(၈၀)နှင့်အထက် ကန်တော့ခံ ဘိုးဘွား(၄၆)အား(၁)ဦးလျှင်ငွေကျပ်(၂၀,၀၀၀)ကျော်စီဖြင့်အိမ် တိုင်ရာရောက် ကန်တော့ ခဲ့ကြကြောင်း သိရသည်။

 ဟုန်းအွမ်(ပြန်/ဆက်)