မယ်စဲ့မြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်

မယ်စဲ့ အောက်တိုဘာ ၁


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း မဲရုံ၌ လုံခြုံရေးတာဝန်များ ကြပ်မတ်စွာ ဆောင်ရွက်နိုင်ရန်အတွက်  အထူးရဲသင်တန်းကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ မြို့မရဲစခန်း အစည်း အဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် အထူးရဲ သင်တန်း သား ၉ ဦးကို သင်တန်းနည်းပြ ၆ ဦးဖြင့်  စစ်ရေးပြ(လက်နက်မဲ့)၊ လူ့အခွင့်အရေး၊ ရဲကျင့်ဝတ်နှင့် စည်းကမ်း ထိန်းသိမ်းရေး၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာ များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရာဇဝတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲနှင့် ရဲအက်ဥပဒေ သာသာရပ်များကို ရက်သတ္တပတ် လေးပတ်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကာလအတွင်း အထူးရဲများအား မြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်များကို ကြပ်မတ်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ခန့်အပ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းသားများကို အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)