လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတ/ကိုယ့်အားကိုယ်ကိုး မှုကြိုကျောင်းများအား ထောက်ပံ့ကြေးငွေ ပေးအပ်

လေးမျက်နှာ  ဖေဖော်ဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအားထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစိုးခိုင် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက စေတနာ့ဝန်ထမ်း အ ဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးမှ ဌာန၏လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်လူမှု ဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ရှိသူများက လေးမျက်နှာမြို့ ဒက္ခိဏာရုံပရဟိတကျောင်းအား ထောက်ပံ့ငွေ (၇၄၁၆၀၀၀) ကျပ် နှင့် အိုင်သပြု မူလတန်းကြိုကျောင်းအား (၁၀၆၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ရာ ပရဟိတဂေဟာမှူးနှင့် မှုကြိုကျောင်း တာဝန်ခံတို့မှ လက်ခံခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)