တနိုင်း အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အထူးရဲစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့်က သင်တန်းဖွင့် မိန့်ခွန်းပြောကြားသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တနိုင်းမြို့နယ်အတွင်းရှိ ဖွင့်လှစ်ဆောင်ရွက် မည့် မဲရုံ(၂၃)ရုံတို့တွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်(၂၃)ဦးအား သင်တန်းမှာ စာတွေ့ပို့ချမယ့် သင်ခန်းစာများ၊ လက်တွေ့ပို့ချမယ့် သင်ခန်းစာများ ပါဝင်မှာဖြစ်ပြီး ပို့ချမယ့် သင်ခန်းစာများအနေနဲ့ လက်တွေ့ပို့ချမယ့် သင်ခန်းစာကတော့လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်ဖြစ်ပြီး စာတွေ့ပို့ချမဲ့ ဘာသာရပ်များမှာ လူ့အခွင့်ရေးဘာသာရပ်၊ ရဲကျင့်ဝတ်၊ရဲစည်းကမ်း ဥပဒေဘာသာရပ်၊ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေဘာ သာရပ်၊ သတင်းမီဒီယာနှင့် ကျင့်ဝတ်ဘာသာရပ်၊ ရာဇသတ်ကြီး ဥပဒေဘာသာရပ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေဘာသာရပ်၊ ရဲလက်စွဲဥပဒေဘာသာရပ်၊ ရဲအက်ဥပဒေဘာသာရပ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်ပြီး တနိုင်းမြို့နယ် ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ အမှူစစ်အရာရှိများနဲ့ လက်နက်မဲ့ စစ်ရေးပြသင်ကြားမဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တို့က အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာ (၂၈)ရက်နေ့အထိ မနက်(၈)နာရီမှ ညနေ(၄ )နာရီခွဲ အထိ ရက်သတ္တပတ်(၂၄)ပတ်အကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း တနိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့်ထံမှ သိရသည်။
ဝါဝါ(ပြန်/ဆက်)