ဝမ်းတွင်း ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါရီရီဦးမှ သင် တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့ဌာန အနေဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုတိုးတက်ရေးအတွက်၊ အသက်မွေးဝမ်းကျောင်း ပညာများ ဖြစ်သည့် စက်ချုပ်သင်တန်းများ၊ ပန်းရံအတက်ပညာများ၊ ဝရိန်ဆက်ပညာများ၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းပညာများ၊ လျှပ်စစ်ဆိုင်ရာ အဆက်ပညာ သင်တန်းအစရှိသည်များကို ဖွင့်လှစ်၍ သင်ကြားပေး လျက်ရှိပါကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်ဒေသရှိ ပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးများ လုပ်ကိုင်နိုင်သည့် အခွင့်အလန်းများ ရရှိလာပြီး မိသားစုဘဝများ ပိုမိုတိုးတက်မြင့်မားလာ စေမည်ဖြစ်ကြောင်းနှင့် ယခုသင်တန်းကိုလည်း သင်တန်း သား (၂၀) ဦးဖြင့် (၁၅) ရက်ကြာသင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ သင်ထောက်ကူပြု ပစ္စည်းများနှင့် သင်တန်းဆင်း လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် အစိုးရနည်းပညာ ကျောင်း (မိတ္တီလာ) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းစန်းတို့မှ ပေးအပ်ခဲ့ရာ သင်တန်းသားများမှ လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာ ကျောင်း (မိတ္ထီလာ) မှကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ များမှ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ပြန်/ဆက်)