ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်နေသည့် Cash for Work စီမံကိန်း လုပ်ငန်းများပြီးစီး

ကန်ပက်လက်  အောက်တိုဘာ ၁

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်လျက် တစ်ရွာလျှင် ကော်မတီ()စီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Cash for Work စီမံကိန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လုပ်ငန်းမှ ကျေးရွာ(၁၀)ရွာနှင့် အနောက်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP)လုပ်ငန်းမှ ကျေးရွာ()ရွာ စုစုပေါင်း(၁၇)ရွာတွင် ကုန်ထုတ်လုပ်လမ်း၊ ရေပေးဝေရေးလုပ်ငန်း၊ ဘောလုံးကွင်း ပြုပြင်ခြင်းနှင့် ရေပြွန်၊ ရေမြောင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာများမှာ ခေါက်ထူကျေးရွာ၊ စံအိမ်နူးကျေးရွာ၊ အမ်ပုံကျေးရွာ၊ ကျော့တော်ကျေးရွာ၊ အပြိုင်းကျေးရွာ၊ ဖြူတွင်းကျင်းကျေးရွာ၊ ဖျန်ချောင်းကျေးရွာ၊ အောက်ကန့်ကျေးရွာ၊ ရှီနော်ကျင်း ကျေးရွာ၊ လောက်မော့ကျေးရွာ၊ ဆတ်ချောက် ကျေးရွာ၊ မကွီရှစ်ကျေးရွာ၊ မှုချိန်းဒိန်းကျေးရွာ၊ ချောင်းမုကျေးရွာ၊ ကွန်တိုး ကျေးရွာ၊ နှဒိုကျေးရွာနှင့် မကျောက်အား ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

ကိုလိန်း (ပြန်/ဆက်)