မတူပီမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

မတူပီ  အောက်တိုဘာ  ၁

ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို  ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေ၊ ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ အထွေအထွေရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန်အတွက်  အသိပညာပေး နှိုးဆော်ပေးရန် မှာကြားခဲ့သည်။

အဆိုပါမဲစာရင်းများကို အောက်တိုဘာလ()ရက်နေ့မှ  (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ()ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများ အနေဖြင့် ပုံစံ(က)ဖြင့် လျှောက်ထားခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက  ပုံစံ()ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွေပါဝင်ရန် မသင့်သူများ ပါဝင်နေပါက ပုံစံ()ဖြင့် ကန့်ကွက်ခြင်းများကို လျှောက်ထား လာသူများရှိပါက သက်ဆိုင်ရာ  တာဝန်ရှိများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်ရေးမှူး ဦးနိုင်းအွမ်ထံမှ သိရသည်။

မတူပီမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၅၀)ရုံရှိပြီး အသက်(၁၈)နှစ်ပြည့်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၇၄၃၉)ဦး ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)